မိုင်းတုံမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တာဆီးရေး အရေးပေါ်အစည်း အဝေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများအားကြည့်ရှု့

မိုင်းတုံ မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တာဆီးရေး အရေးပေါ်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခန်းမ၌ကျင်းပရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော် အဖွင့်အမှာစကား ပြောကြားပြီး နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက သဘာဝဘေး ကြိုတင် ကာကွယ်ရေး ကော်မတီအဖွဲ့များဖွဲ့စည်းထားရှိမှုများ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများ‌ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားပြီး နောက်တက်ရောက်လာသူများက သဘာဝဘေးကြိုတင်ကာကွယ်တားဆီးရေးတို့ကို ဆွေးနွေးခဲ့ကြကာ ဆွေးနွေးချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်ထွန်းက လည်းကောင်း၊ ခရိုင်လဝကမှူးကလည်းကောင်း၊ ဒုခရိုင်မှူးကလည်းကောင်း  ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ၁၆ နာရီအချိန်တွင် မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ထားရှိမှုများအား မိုင်းတုံအခြေချ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦး  ဦးဆောင်၍ ခရိုင်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး‌ ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့များမှလှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)