တံတားဦး မေ ၁၁
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသော မြေစိုက်ပိုစတာဆိုင်းဘုတ်အား တံတားဦးမြို့ အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင်ဘနေ့နံနက်(၉)နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာတွင် ၂၀၂၃-ခုနှစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိသည် ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ်သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသည့် သီတင်းပတ်အတွင်း မိမိတို့၏သား၊ သမီးများအား အချိန်မီ ကျောင်းအမြန်အပ်နှံရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းတာအရ ၂၀၂၃-ခုနှစ် မေလ(၂၃)ရက်နေ့မှ(၃၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ထံမှသိရသည် ။
အဆိုပါကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူရာသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်တာဝန်ရှိသူများ၊ တံတားဦးခရိုင် ပညာရေးမှူး ဦးဟန်တင်နှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများတက်ရောက်ကြသည်။
တံတားဦးခရိုင်အနေဖြင့် မြို့နယ်(၂)မြို့နယ်ပါဝင်ပါကြောင်း၊ တံတားဦးမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၉)ကျောင်း၊ စုစုပေါင်း(၁၂၁)ကျောင်း၊ ငါးဇွန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၁၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း (၁၇)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၇၃)ကျောင်း ရှိပါကြောင်း ခရိုင်ပညာရေးမှူး ဦးဟန်တင်ထံမှ သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)