အလုံ မေလ ၁၁
ရန်ကုန်တိုင်းဒေသကြီ၊ အလုံခရိုင်၊ အလုံမြို့နယ် ပညာရေးမှူးကကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်ပိုစတာ စိုက်ထူဖွင့်လှစ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများရှေ့တွင် ပြုလုပ်သည်။
ထိုသို့ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ အလုံမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာနှင့် ပညာရေးဌာနဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ချီးမြှင့်ပေးကြပြီး ၂၀၂၃ ခုနှစ်၊ မေလ (၂၃ရက်နေ့မှ ၃၁ရက်)အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးထံက သိရသည်။
တင်တင်ချို (ပြန်/ဆက်)