ပုသိမ်ကြီး မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က သဘာဘေးအန္တရာယ် မကျရောက်မှီ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ သဘာဝဘေး အန္တရာယ် ကျရောက်လာပါက အရေးပေါ်နားခိုရာနေရာများသို့ ပြောင်းရွေ့ရန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် သတင်းအချက်အလက်များကို စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်ထားကြရန် စသည့်အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြသရာ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ လက်တွေ့အသုံးပြုပုံကို သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါ သရုပ်ပြသပွဲသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)