ရသေ့တောင် မေ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို မုန်တိုင်းမကျရောက်မီ မီဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားရေး အထူးအလေးထား ဆောင်ရွက်ရန်၊ မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများသို့အသိပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာအုပ်စုရှိ ထိခိုက်လွယ် ကျေးရွာများဖြစ်ကြသည့် ဆားပြင်ကြီးကျေးရွာ၊ ဆားပြင်ချေကျေးရွာ၊ ပန်ဇင်းမော်ကျေးရွာ၊ ဦးဂါကျေးရွာတို့နှင့် လောင်းချောင်းနယ်မြေ အငူမော်ကျေးရွာအုပ်စု၊ အငူမော်၊ အငူမော်ကုန်တန်း၊ မကျည်းချောင်းကျေးရွာများ၌ အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
သဘဝဘေးအန္တရာယ်ကျရောက်လာပါက လူ၊ တိရစ္ဆာန်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု လျော့နည်းစေရေးနှင့် ဘေးလွတ်ရာစုရပ်များ ကြိုတင်ပြင်ဆင်ထားရှိရေး နေရာများ သတ်မှတ်ဆောင်ရွက်ခြင်း၊ စားရေရိက္ခာများ တင်ကြိုစီစဥ်ဆောင်ရွက်ရေးများကို ဆောင်ရွက်ခဲ့ကြ ပြီး သောက်သုံးရေ မလုံလောက်သည့် ကျေးရွားများသို့ သောက်သုံးရေများပေးဝေနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
နယ်လှည့်ကွင်းဆင်းဆောင်ရွက်ကြရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျေး/ဖွံ့ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး၊ ကော်မရှင်၊ လမ်းဦးစီးဌာနတို့နှင့် သက်ဆိုင်ရာကျေးရွာနယ်ခြားစောင့်ရဲစခန်းမှူး၊ ကျန်းမာရေးဆရာမ၊ ရပ်/ကျေးအုပ်မှူး၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရသေ့တောင်(ပြန်/ဆက်)