ကျောက်တော် မေ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဦးဆောင်ကျင်းပသည့် သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅နာရီက မြို့နယ်သာသမာ့ဗိမာန် တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် အခမ်းအနားကို နမောတဿ(၃)ကြိမ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့သစ်မှန်ကျောင်း ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ မြို့သူမြို့သား၊ ပြည်သူပြည်သား၊ နိုင်ငံသူနိုင်ငံသားများအားလုံးသဘာဝဘေး အန္တရာယ် ကင်းရှင်းရေးအတွက် ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် ဆရာတော်အရှင်သူမြတ်များကြီးတို့ကသဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွက်ဖတ်ပူဇော်ပေးတော်မူကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်၍ အခမ်း အနားကို ဗုဒ္ဓသရနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။
ယင်းနောက် ယနေ့နံနက် ၇ နာရီမှစတင်၍ ကျောက်တော်မြို့ရှိ သေလာဂိရိမောရပဗ္ဗတကျောက်တော်တောင်စေတီတော်မြတ်ကြီး တောင်တော်ပေါ်မှ ဆရာတော်သံဃာတော်များက မြို့သူမြို့သား၊ ပြည်သူပြည်သား၊ နိုင်ငံသူနိုင်ငံသားများ အားလုံး သဘာဝဘေး အန္တရာယ် ကင်းရှင်းရေးအတွက် မေတ္တာသုတ်ပရိတ်တရာတော်များကိုလည်း ရွက်ဖတ်ပူဇော်ပေး လျက်ရှိကြောင်းသိရသည်။
ခင်မောင်ထွန်း