မိုးကုတ်မြို့နယ်တွင်  သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ် ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုနှင့် လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုးကုတ် မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ် ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေနှင့် လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် မိုးကုတ်မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများအား မြို့နယ်မီးသတ်ဦးစီးမှူး  ဦးဇေယျာနိုင်က ကယ်ဆယ်ရေးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်စုဆောင်းထားရှိမှုကို လိုက်လံရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများ လေ့ကျင့်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုခဲ့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)