အမ်းမြို့နယ်အောက်ရွာကျေးရွာ၌နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

အမ်း  မေ ၁၁ 

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အောက်ရွာကျေးရွာ၌စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ ဦးဇော်မျိုးထက်တို့ပူးပေါင်းဆောင်ရွက်ထားသော လယ် ၁၀ ဧကတွင်  စိုက်ပျိုးသည့် နွေစပါးစံကွက် ရိတ်သိမ်းပွဲကို မေလ ၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အောက်ရွာကျေးရွာအုပ် စုရှိ ဒေသခံများသည် စိုက်ပျိုး ရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် နွေရာသီ၌ ဒေသတွင်း ဆန်ဖူလုံရေးနှင့် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍နွေစပါး စိုက်ပျိုးရန်  နည်းပညာမျို့စေ့များကို ရယူပြီးစိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်က အမ်းမြို့နယ်အတွင်း မိုးစပါး၊ နွေစပါး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တောင်သူများအတွက် အကျိုးရှိနိုင်မည့် စံပြလယ်ယာစနစ်များ ဖော်ဆောင်ပေးနိုင်ရေးတို့ကို ဆွေနွေးပြောကြားခဲ့သည်။ 

နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်  အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက် ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ဒေသခံတောင်သူများပူးပေါင်း၍ နွေစပါးစံကွက်အားရိတ်သိမ်းခဲ့ရာ စံကွက် ၁ ဧက ပျမ်းမျှ အထွက် နှုန်းမှာ ၁၂၈ တင်း ထွက်ရှိကြောင်း သိရသည်။

စိုးမင်းထွန်း