အမ်း မေ ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရခိုင်ပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ ၉ ရက်နေ့ ညနေပိုင်းတွင် အမ်းမြို့အ.ထ.က(၁)နှင့်ခရိုင် ပညာရေးမှူးရုံးရှေ့၊အမှတ်( ၃)စျေးရပ်ကွက် လမ်းဆုံအောက်ရွာ ကျေးလမ်းဆုံတို့တွင် စိုက်ထူခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မေလ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိဖြစ်ပြီး ကျောင်းအပ်နှံရေး ဆောင်ပုဒ်မှာ ကျောင်းနေအရွယ်ကလေး အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ၊ မိဘများ သိရှိနိုင်ရန်ဖြစ်ပြီး စိုက်ထူခဲ့ရာ၌ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးရုံးမှ ဆရာကြီးကျောင်း အုပ်ဆရာကြီးများ၊ ဆရာများပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)