မိုင်းစံမြို့တွင် မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

မိုင်းစံ မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင်  မေလဒုတိယအပတ်တွင် ဖြစ်ပေါ်လာနိုင်သော ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီက မိုင်းစံမြို့မီးသတ်တပ်ဖွဲ့ဝင်များမှ အသံချဲ့စက်များဖြင့် လှည့်လှည်အသိပေးနှိုး‌ဆော် လျက်ရှိသည်။

အဆိုပါ အသိပညာပေး လှည့်လည်နှိုးဆော်ရာတွင် အများပြည်သူတို့ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာနေပြည်သူများအနေဖြင့် မေ လ ၉ ရက်နေ့ မှ ၁၄ ရက်နေ့အထိ တစ်နာရီလျှင် ၁၂၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်သည့် ဆိုင်ကလုန်း မုန်တိုင်းကို ကြိုတင်ကာကွယ်ပြင်ဆင် သတိပြုနိုင်စေရေးအတွက် မိဘပြည်သူများမှ မိမိတို့၏နေအိမ်များကို ခိုင်ခန့်အောင်ပြုပြင် ထားကြရန်(သို့မဟုတ်) ခိုင်ခန့်သော အဆောက်အဦများသို့ ပြောင်းရွှေ့နေထိုင်ကြရန်၊ မြစ်၊ ချောင်းအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ကုန်းတွင်းပိုင်းတွင်ရှိသော ခိုင်ခန့်သော အဆောက်အဦးများသို့ ကြိုတင်ပြောင်းရွေ့နေထိုင်ကြရန်နှင့် မိုးလေဝသသတင်းများအား စဥ်ဆက်မပြတ်နားထောင်ကြရန် ကြိုတင်သတိပေး​နှိုးဆော်ထားကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးပြည့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်ခဲ့ကြောင်း သိရသည်၊၊

မိုင်းစံ(ပြန်/ဆက်)