မိုင်းခတ် မေ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB(1.16)(Arcturus) ရောဂါကာကွယ်ရေးMask Campaign ကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးဦးအောင်မြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မိုင်းခတ်မြို့၊ မြို့မစျေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများနှင့်လူစည်ကားရာ နေရာများတို့တွင် Mask တပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)