တောင်သာ မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာ ဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ချက်ချင်းတုံ့ပြန်ကူညီနိုင်ရေးအတွက်သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် လိုအပ်မည့် ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့ထားရှိပြီး ပြည်သူများအသိပညာပေးအဖြစ် Hand Speaker များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ချက်ချင်းတုံ့ပြန်ကူညီနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာ ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ ထားရှိပြီး ရှာဖွေရေးအတွက်လိုအပ်မည့် ပစ္စည်းများဖြစ်သည့် အသက်ကယ် ဘောကွင်း၊ အသက်ကယ်လှေ၊ ချိန်းဆော့၊ သက်ကယ်ကြိုး၊ လေရှူကိရိယာ၊ အောက်ဆီဂျင်ဘူး၊ ကျောပိုးအိတ်စသည့် အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများနှင့် လေ့ကျင့်ဆောင်ရွက်ထား ရှိပြီး ပြည်သူများအား အိမ်တိုင်း အိမ်တိုင်းတွင် (၅)ဂါလံ ပုံး အိမ်ရှိလူစိထားရှိပေးရန်နှင့် သောက်သုံးရေများ ထားရှိပေးရန် ရပ်ကွက်အတွင်းသို့ Hand Speaker များဖြင့် လိုက်လံနှိုးဆော် လျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)