နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ ပေးအပ်လှူဒါန်း

နေပြည်တော်  မေ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသည့် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲများ ရွတ်ဖတ်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများအား  ယနေ့နံနက်ပိုင်းက ပန်းပေါင်းစုံ ဗုဒ္ဓရုပ် ပွားတော်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့် ဧည့်ပရိတ်သတ်များက မာရ်အောင်ကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် နေပြည်တော်ကောင် စီအဖွဲ့ဝင်ဦးမြင့်စိုးက ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမှကြီးမှူး ကျင်းပသည့် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲများ ရွတ်ဖတ်လျက်ရှိသည့် ရတနာမာရ်အောင်ကျောင်းတိုက်နှင့် နံတော်စဉ်ဓမ္မာရုံတို့အား  ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွား တော် ၂၇ ဆူနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)