ပေါက်တော မေ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကျရောက်မည့် သဘာဝဘေးနှင့်ဆိုင်ကလုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူ များမှ ယမန်နေ့ညပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပေါက်တောမြို့ရှိ မြို့နယ်သာသနာ့ဗိဗာန်တော်ခန်းမနှင့် ကြိမ်ခွေမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း သဘာဝဘေးနှင့်ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများထံ အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ သဘာဝဘေးနှင့်ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရန် ရောက်ရှိလာကြသည့် ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက ထမင်းထုပ်များဝေငှပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)