မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသင့်စုဖွဲ့ထားရှိမှု လက်တွေ့သရုပ် ပြသ

မိုင်းယန်း မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသင့်စုဖွဲ့ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုကို လျင်မြန်စွာ ကူညီတုံ့ပြန်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေရန် ပြောကြားသည်။

ဆက်လက်၍ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌ ဦးကျော်ဇင်နှင့် အဖွဲ့ဝင်များမှ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး စက်ပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေများအား စုစုပေါင်း (၁၀၀)ဦးဖြင့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး