ဥတ္တရသီရိ မေ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီ တွင် ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါ်နန်းတင်စန်းရှိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ဥတ္တရခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင် သား၊ သမီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး သင်တန်းတွင် ဗုဒ္ဓဝင်အကျဥ်း(မှတ်စု)၊ ဘုရားရှိခိုးခြင်းမင်္ဂလသုတ်နှင့် ၃၈ ဖြာ မင်္ဂလာတရားတော်များကို မေလ ၁၀ ရက် နေ့မှ ၁၁ ရက်နေ့ထိ ၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)