ကျိုက်မရော၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသံချဲ့စက်ဖြင့်နှိုးဆော်

ကျိုက်မရော မေ ၁၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသံချဲ့စက်များဖြင့်  လိုက်လံနှိုးဆော်ခြင်း၊  ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက လိုက်လံပြုလုပ် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းခွဲတို့ပူးပေါင်းကာ ရှင်စောပုရပ်ကွက် ကမ်းနားလမ်း၊ ကလိုင်းကနိူင်အပေါ်ရွာနှင့် လမ်းဆုံလမ်းဝများ မြစ်ကမ်းနားဘေးတို့၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များကို မိဘပြည်သူများ သိရှိလိုက်နာနိုင်ရန်အတွက် အချက်များကိုအသံ. ချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကာ မုန်တိုင်းအန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေးလက် ကမ်းစာစောင်များအားဖြန့်ဝေပေး ကာအသက်ကယ်အင်္ကျီများ အသက်ကယ်ပစ္စည်းများ အသုံးပြုပုံတို့ကို လက်တွေ့ဝတ်ဆင်ပြသပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)