မိုင်းရယ် မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် KTV ဆိုင်များသတ်မှတ် စည်းကမ်းချက်များနှင့် အညီ စနစ်တကျလုပ်ကိုင်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက ပြုလုပ်ပါသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် မိုင်းရယ်မြို့ နားလီကျေးရွာရှိ Mongyai entertainment ဆိုင်သို့ သွားရောက်ပြီး လုံခြုံရေးနှင့်တရားဉပဒေစိုးမိုးရေးအတွက် KTV ဆိုင်များသတ်မှတ် စည်းကမ်းချက် များနှင့်အညီလိုက်နာဆောင်ရွက်ထားမှုများအား စိစစ်ရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများရောင်းချ/သုံးစွဲခြင်း ရှိ/မရှိ၊ အသုံးပြုသည့် လုပ်ငန်းသုံးစက်များသည် တရားဝင်အကောက်အခွန် ပေးဆောင်ထားခြင်းရှိ/မရှိ။ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားချက်များအား လိုက်နာ ခြင်းရှိ/မရှိ၊ ပတ်ဝန်းကျင်အား ကျန်းမာရေးထိခိုက်စေမည့် အနံ့အသက်ဆိုးများမဖြစ်ပေါ်စေရေး လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများ စသည်တို့ကို စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်