တပ်ကုန်း မေ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေး အန္တရာယ်ဆိုင်ရာ အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေး နှိုးဆော်ကြောင်း သိရသည်။
ထိုသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မုန်တိုင်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းဖြစ်ပေါ်နိုင်သော ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူ များ၊ ဆည်၊ ချောင်းများအနီး နေထိုင်သူများ အနေဖြင့် ကြိုတင်သတိပြုရှောင်ရှားကြရန်၊ မိသားစုနှင့်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်၊ အရေးကြီးသည့် အိမ်တွင်း ပစ္စည်းများ၊ လေ၊ မိုး လွတ်ကင်းမည့်နေရာများ ပြင်ဆင်ဆောင်ရွက်ကြရန်၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်သတင်းများကို စောင့်ကြည့်၍ လိုအပ်သော ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ဆောင်ရွက်သွားကြရန် အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်တမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အများပြည်သူများအား မုန်တိုင်းအန္တရာယ်အသိ ပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်