လောက်ကိုင်မြို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

လောက်ကိုင် မေ ၁၁

ရှမ်ပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မုန်တိုင်းပေးအသိပညာ ပေးလက်ကမ်းစာစောင်အား မေလ ၉ ရက်နေ့ နံနက် ၈ နာရီက လောက်ကိုင်မြို့ပေါ်ရှိ လမ်းစုံ၊ လမ်းခွများ၊ ဈေး၊ ကားဂိတ်နှင့် လူအများသွားလာသည့် နေရာများတွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင်  လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်း၏ အန္တရာယ်ကို နားလည်သဘောပေါက် လွယ်ကူစေရန် အရောင်ဖြင့် သတိပေးစနစ်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ဆက်သွယ်ရန် ဖုန်းနံပါတ်များ စသည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း (လောက်ကိုင်)