လောက်ကိုင်မြို့၌ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်တစ်စုံတစ်ခု ကျရောက်ပါ ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထားရှိ

လောက်ကိုင် မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် သဘာဝဘေးတစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့် ကြိုတင်ထားရှိခြင်းကို မေလ ၉ ရက်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံးတွင် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါထားရှိမှုတွင် MOCHA Cyclone မုန်တိုင်း အန္တရာယ်ကျရောက်လာပါက အလျင်အမြန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မော်တော်ယာဉ်များ၊ စက်သုံးဆီများ၊ အသက်ကယ်အင်္ကျီများ၊ အသက်ကယ် ဘောကွင်းများ၊  အသက်ကယ်ကြိုးများ၊ တစ်ကိုယ်ရေ သုံးပစ္စည်းများ၊ အသင့်ဆောင်ရွက်ထားရှိကြောင်းနှင့် လောက်ကိုင်မြို့ မီးသတ်ဦးစီးဌာန၌ ခရိုင်၊ မြို့နယ်ဦးစီးမှူးအပါအဝင် ရှာဖွေကယ်ဆယ်ရေး သန္ဓေ၊ အရန်၊ သီးသန့်တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား (၂၉၃)ဦးတို့အား ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် အစဉ်မြဲလေ့ကျင့် ပေးလျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူ ဦးအောင်ဆန်းထွန်းထံမှ သိရသည်။

ညိုညိုဝင်း (လောက်ကိုင်)