ကျိုက်ထိုမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြု ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်

ကျိုက်ထို မေ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများ‌ ပူးပေါင်းကာ မုန်တိုင်းအန္တရာယ် သတိပြု ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက လိုက်လံပြုလုပ်ခဲ့ကြသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ‌မြို့နယ်ရဲတပ်ဖွဲ့၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနတို့မှ ဝန်ထမ်းများ ပူးပေါင်းကာ ကျိုက်ထိုမြို့မ(၆)ရပ်ကွက်ရှိ အဝေးပြေးလမ်းမကြီးများ၊ ဈေးများ၊ လမ်းဆုံလမ်းခွ များနှင့် လူစည်ကားရာ နေရာများတွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့်အချက်များတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ကာ မုန်တိုင်းအန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်