မြောက်ဥက္ကလာပ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင် စုဖွဲ့ထားရှိသည့် မုန်တိုင်းဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံက မိမိတို့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်(၃၅)ဦးနှင့် ဖွဲ့စည်းထားရှိပြီး လူ၊ ပစ္စည်းနှင့်ယာဉ်များ အသင့်စုဖွဲ့ထားရှိမှု အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ ဆက်)