ပျဉ်းမနားမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့သွားရောက်၍ မုန်းတိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ပျဉ်းမနား မေ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊‌ ပျဉ်းမနားမြို့နယ်အတွင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ယမန်နေ့နံနက်ပိုင်းက အသိပေး နှိုးဆော်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလွင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့သွားရောက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နေပြည်တော်မှ ထုတ်ပြန်သည့် မုန်တိုင်းငယ် (Depression) အခြေအနေများအား အသံချဲ့စက်ဖြင့်လှည့် လည်အသိပေးခြင်းများ ဆောင်ရွက်ခြင်း၊ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းကျရောက်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအဆင့်သတ်မှတ်ချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းပြီးချိန်တွင် ဆောင်ရွက်ရမည့် အချက်များနှင့် မုန်တိုင်းကျရောက်ပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများအား ဆက်သွယ်ရန်ဖုန်းနံပါတ်များအား လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)