ဇေယျာသီရိ မေ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဇေယျာသီရိမြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးကျော်နိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့သွားရောက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်မှ ထုတ်ပြန်သည့် မုန်တိုင်းငယ် (Depression) အခြေအနေ အနေများအား အသံချဲ့စက်ဖြင့်လှည့် လည်အသိပေးခြင်းများ ဆောင်ရွက်ခြင်း၊ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းကျရောက်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအဆင့် သတ်မှတ်ချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းပြီးချိန်တွင် ဆောင်ရွက်ရမည့် အချက်များနှင့် မုန်တိုင်းကျရောက်ပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများအား ဆက်သွယ်ရန်ဖုန်းနံပါတ်များကို လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး နေပြည်တော်ကောင်စီမှ ထုတ်ဝေသည့် မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)