ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ရန်ကင်း မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများ မုန်တိုင်း အန္တရာယ်ကျ​​ရောက်ပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်  မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀နာရီခွဲက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centry ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ရှောင်ရှားသင့်သည့် အခြေအနေများအား အသိပညာပေးဆွေးနွေးခဲ့ပြီး ရန်ကင်းမြို့နယ် မီးသတ်ဦးစီးမှူးကမုန်တိုင်းများ၏ အန္တရာယ်နားလည် သဘောပေါက်လွယ်စေရန်အရောင်ဖြင့် သတိပေးစနစ်များ၊ မုန်တိုင်းသတိပေးချက်ရလျှင်  ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်း ဖြစ်နေစဥ်လိုက်နာရန်အချက်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ရန်ကင်းမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ပုံပြင်၊ ကဗျာရွတ်၊ အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိရာ  We Love Yankin Page နှင့်  ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လည်း လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးမှ အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ ဆက်)