ပုံပါကျင် မေ ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Certre) ခန်းမတွင် ယမန်နေ့၌ (Book Club) အသင်းအဖွဲ့များနှင့် ပူးပေါင်း၍စာရေးဆရာ မောင်လွင်ပြင်၏ “ဆယ်ကျော်သက်တို့၏ လူမှုရေးခံစားချက်များကိုလေ့လာခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦိးစွာ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြမြအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အသင်းဝင်ဥက္ကဋ္ဌ ဦိးထွန်းထွန်းလင်းက ဦိးဆောင်၍စာရေးဆရာမောင်လွင်ပြင်၏ “ဆယ်ကျော်သက်တို့၏ လူမူရေး ခံစားချက်များကိုလေ့လာခြင်း” စာအုပ်ကိုဆယ်ကျော်သက်နှင့် အသည်းကွဲခြင်းကို ကုစားပေးခြင်း ခေါင်းစဉ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်အတူ အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် (Book Club) အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏ အမြင်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သော်တာ (ပြန်/ဆက်)