မိုင်းဖြတ် မေ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့၏ စာဖတ်ဝိုင်းကို မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် လူငယ်နှင့်ဇွဲ စာအုပ်ပါ စာရေးသူ၏ အမှာစကားများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (Book Club) အတွင်းရေးမှူး ဦးအောင်မြတ်မိုးက အောင်မြင်မှုခရီးခေါင်းစဉ်ဖြင့် ဖတ်ကြားခဲ့သည်။ ထို့နောက် စာပေ ချစ်မြတ်နိုးသူအဖွဲ့ဝင် များဖြစ်ကြသည့် ဒေါ်မျိုးသီရိက စာဖတ်လေလေ တိုးတက်လေခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ဟောင်းနန်းက အများ၏ ယုံကြည်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နှင်းနုထွေးက လူငယ်နှင့်ဇွဲခေါင်းစဉ်ဖြင့်လည်းကောင်း အသီသီးဖတ်ကြားခဲ့ကြသည်။
အဆိုပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းသည် စာရေးသူသည် လူငယ်များအတွက် စာများများ ဖတ်စေချင်သည်။ စာများများဖတ်ပါက များများတိုးတက် စေချင်သည့်အတွက် လူငယ်များအတွက် အကျိုးရှိသော စာပေကောင်းတစ်အုပ်ဖြစ်ခြင်းကြောင့် လူငယ်နှင့်ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးရှောလမွန်ထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)