အမ်း မေ ၁၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လည်က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်များအတွင်း မုန်တိုင်းကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွယ်ကယ်ဆယ်ရေးပစ္စည်းများ၊ Speed Boat၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ အသက်ကယ်ကြိုးနှင့်ချိန်းဆော၊ ဓား၊ ရေဗူးများနှင့် အခြားအသုံးအဆောင်ပစ္စည်း ထားရှိမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မုန်တိုင်းဒဏ်ကြောင့် အမ်းမြို့နယ်အတွင်းရှိ လူအဆောက်အဦးများ ပျက်စီးမှု လျော့နည်းစေရေးအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများ ကြိုင်တင်ဖွဲ့စည်းထားခြင်း၊ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေထားခြင်းနှင့် ရပ်ကွက်များအတွင်း လှည့်လည်ဆော်ဩခြင်းတို့အပြင် မုန်တိုင်းကျရောက်လာပါကမီးသတ်ဦးစီးဌာန၊ ရပ်ကွက်များနှင့် လူမှုရေးအအသင်းအဖွဲ့များအနေဖြင့် ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ထားရှိမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာန အနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)