ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဒဂုံအရှေ့ မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြစ်သည့် မြို့နယ်မီးသတ်တပ်ဖွဲ့၏ လူ၊ပစ္စည်းကိရိယာ၊ အသက်ကယ်လှေစုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ခရိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် ယမန်နေ့မွန်လွှဲပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

၎င်းနောက်ဒဂုံမြို့သစ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်သည့် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်မာလာသန်းထိုက်၊ အဖွဲ့ဝင်ဒုတိယရဲမှူးမျိုးဝင်း၊ ဒေါက်တာရွှေပြည်စိုးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသူနှင့်အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့်တပ်ဖွဲ့ဝင်များ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းပြခြင်းရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် သရုပ်ပြ‌ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်)အရှေ့ပိုင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ လူ၊ ပစ္စည်းကိရိယာ အသက်ကယ်လှေစုဖွဲ့၍ အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ ဆက်)