ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး​​​ Talk Show ကျင်းပ

ကြည့်မြင်တိုင် မေ ၁၁

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး Talk Show ကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ဒေါ်ရည်ရည်မွန်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုလတ်တို့မှ သဘာဝ​ဘေးအန္တရာယ်များထဲမှ မုန်တိုင်းသတိ​ပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်​ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်​နေစဥ် လိုက်နာ​ဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ရှားရမည့်အချက်များကို အသိပညာ​​ပေး​ဆွေးနွေး ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အနေဖြင့် ပြည်သူများ ဗဟုသုတရရှိအောင် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)