စစ်တွေ မေ ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရခိုင်ပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့နှင့် လောကာနန္ဒာစေတီတော် မီးပွိုင့်အနီးတွင်ပြုလုပ်သည်။
ဦးစွာ ဦးဥတ္တမပန်းခြံရှေ့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်နှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီး၊ ဆရာမကြီးများက ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ အလားတူ လောကာနန္ဒာစေတီတော် မီးပွိုင့်အနီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား ပြည်နယ်ပညာရေးမှူးရုံးမှ ဆရာကြီး၊ ဆရာမကြီးများက ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ပညာရေးမှူးနှင့် ဆရာကြီး၊ ဆရာမကြီးများက ကျောင်းအပ်နှံရေးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်မှ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိဖြစ်ပြီး ကျောင်းအပ်နှံရေး ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရခိုင်ပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူစိုက်ထုပွဲသို့ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဆရာကြီး၊ ဆရာမကြီးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)