အပူဒဏ်အန္တရာယ်ကာကွယ်​ရေး အသိပညာပေးTalk Show ကျင်းပ

သာ​ကေတ ​မေ ၁၁

ရန်ကုန်တိုင်း​ဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ သာ​ကေတမြို့နယ်ရုံး၊ Community Centre ခန်းမ၌ ​အပူဒဏ်အန္တရာယ်ကာကွယ်​ရေးအသိပညာ​ပေး Talk Show ကို ယမန်​​နေ့ည​နေ ၃  နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ​ဆွေး​နွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူနှင့် မြို့နယ်တိုင်းရင်း​ဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး​ ဒေါ်ထက်ထက်​ဝေတို့က အပူဒဏ်​ကြောင့်ဖြစ်​ပေါ်ရ​သော ကျန်းမာ​​ရေးပြသနာများ၊ အပူရှပ်သူများကို အိမ်တွင်းပြုစုကုသမှု​ပေးရမည့်အချက်များ၊ အပူရှပ်ခြင်းခံစားရလျှင် ပြတတ်‌သောရောဂါလက္ခဏာများ၊  အပူရှပ်ခြင်းခံစားရသူများကို အရေးပေါ်ကုသနည်းများနှင့် အပူမရှပ်‌အောင် ကာကွယ်​ရေးနည်းလမ်းများကို အကျယ်တဝင့်​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

 မို့မို့သူ (ပြန်/ ဆက်)