လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်

လယ်ဝေး မေ ၁၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း ယမန်နေ့က သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပစေရေးအတွက် နဝရတ်လမ်း၊ နှစ်ကျိပ်ဘုရားလမ်း၊ ရုံးလမ်း၊ ဘုရားလမ်းနှင့် ရန်ကုန်-မန္တလေးလမ်းဘေး ဝဲ/ယာတို့ရှိ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် ဘုရားလမ်းရေမြောင်းအတွင်းရှိ အမှိုက်ရှင်းလင်းခြင်းလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လယ်ဝေးမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေးဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)