မူဆယ်ခရိုင်မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရန် ပြင်ဆင် ဆောင်ရွက်ထား

မူဆယ် မေ ၁၁

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၃ခုနှစ်၊ မေလ အလယ်ပိုင်းတွင် ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာ တုံပြန်ကူညီဆောင်ရွက်ပေးနိုင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် ခရိုင်/မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း၊ အသင့်စုဖွဲ့ ထားရှိမှုများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကိုလည်း လျင်မြန်စွာကူညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားလျက်ရှိပါသည်။

ထိုသို့ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိရာတွင် မူဆယ်ခရိုင်မီးသတ်ဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုးက ကြီးမှူးကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအဖြစ် ရာဘာလေသွင်းလှေ (၁)စီး၊ စက်တပ်လှေ(၁)စီး၊Tri Pod(သုံးချောင်းထောက်)-(၁)ခု၊ Fingure 8 (၁၀)ခု၊ Hydraulic Cutter (၃)ခု၊ Hydraulic Spreader (၃)ခု၊ Hydraulic Ram (၃)ခု၊ House with 2 line Hoses (၁)ခု၊ Engine Cutter (၁)ခု၊ Life Jacket (၂၀)ထည်၊ RECUSE Rope(100M)-(၃)ခု၊ RECUSE Coverall (၈)ခု၊ Glass Management Set (၁)ခု၊ Jumping Shill (၁)ခု၊ Chain Saw (၂)ခု၊ 1.5 ton ချိန်း ဘလောက်(၁)ခု၊ ၊ ကားဆွဲကြိုး(စတီး)-(၁)ခု၊ ၅ပေ ငါးမန်းလွှ(၄)ခု၊ Bolt Cutter (၄)ခု၊Axe ပုဆိန်(၅)ခု၊ Extention Ladder (လှေကား)-(၂)ခု၊ Seldge Hummer(တူ)-(၅)ချောင်း၊ Shovel(ခေါက်ဂေါက်ပြား)-(၂)ချောင်း၊ 5 ton ချိန်း ဘလောက်(၁)ခု၊ Pully (၂)ခု၊ First Aid Kit Bag (၂)ခု၊ Carabiner ကွင်း(၁၀)ကွင်း၊ Stretcher (လူနာထမ်းစင်)-(၃)ခု၊ Hydraulic RECUSE Tools (၁)ခု၊ Mini Lifting Bag (၁)ခု နှင့် အသက်ကယ်ဘောကွင်း (၅)ကွင်းတို့ကို မုန်တိုင်းသဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပါက လွယ်ကူလျင်မြန်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် အသင့်အနေအထား ပြင်ဆင်ဆောင်ရွက်ထားလျက် ရှိပါသည်။

အဆိုပါ အ‌ရေးပေါ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းစဉ်များကို မူဆယ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပရဟိတကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး ကြိုတင်ကာကွယ်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိကြောင်း သိရသည်။

ဆက်ပိုင်(ပြန်/ဆက်)