မုဒုံမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မုဒုံ မေ ၁၁

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ရှိဘင်္ဂလားပင်လယ်အော် အခြေအနေနှင့်ပတ်သက်၍ အားကောင်းသော ဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေရှိ၍ မုန်တိုင်းကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့က ပင်လယ်ဆိပ်ကမ်း ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

ထိုသို့ဆောင်ရွက်ရာတွင် ​မြို့နယ်မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဝဲကလိ၊ ကမာအုပ်ကျေးရွာများအတွင်းရှိ ပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်းတိုင်း၏ အခြေအနေ၊ဦးတည်ရွေ့လျားရာလမ်း ကြောင်းနှင့် ရာသီဥတုအခြေအနေများကိုလည်းကောင်း၊ မုန်တိုင်းမဖြစ်ခင် ကြိုတင် ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ဆောင်ရန် ရှောင်ရန်အချက်များအား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)