ပုဇွန်တောင်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေး

ပုဇွန်တောင် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသကြသည်။ ပုဇွန်တောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ပီတိမေတ္တာ လူငယ်ပရဟိတအသင်း၊ စေတနာလူငယ်ပရဟိတအသင်းများမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်များအား အသင့်ပြင်ထားရှိပြီးဖြစ်ကြောင်းနှင့် ပုဇွန်တောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိသည်။

ဟန်စုယဉ်