ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးအတွင်း mask campaign ပြုလုပ်

ကြည့်မြင်တိုင်      အောက်တိုဘာ   

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး အတွက် မြို့နယ်အတွင်းရှိ ထီးတန်းစျေးအတွင်းတွင်  Mask တပ်ဆင် သွားလာစေရန် Mask campaign  ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီအဖွဲ့ဝင်များ၊ အ​နောက်ပိုင်းခရိုင်စည်ပင်ရုံး စီမံခရိုင်ခွဲမှူး၊ ထီးတန်း​စျေးတာဝန်ခံ နှင့် WE LOVE YANGON အဖွဲ့တို့ပူး​ပေါင်း၍  နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများ အား နှာခေါင်းစည်းများ ဝေငှပေးခြင်း၊   အပြင်ထွက်သည့်အခါ စျေးရောင်း စျေးဝယ်ပြုလုပ်သည့်အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့်  ပြည်သူများ သိရှိနိုင်စေရန်အတွက် ကြေညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်ရေးအတွက် အသိပညာ​ပေးခြင်းများ၊  mask နှာ​ခေါင်းစည်းများ ဝေငှခြင်းများကို ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်းသိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)