တိုက်ကြီး မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကျင်းပဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ချစ်ထက်နှင့်တပ်ကြပ်ကြီး ဦးမျိုးသီဟတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးအန္တရာယ်များဆိုင်ရာ သိကောင်းစရာအချက်အလက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးသည်။
အဆိုပါ Talk Show ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် တိုက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျတ်နှာတွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်