တွံတေး မေ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ်သင်တန်းကို ဗျောက်ရိုးကျေးရွာအုပ်စုဗျောက်ရိုးကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဥ်ယဥ်ဋ္ဌေးကသင် တန်းဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်ကျေးလက်နေ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေဖို့ကို အဓိကရည်ရွယ်ကာ သင်တန်းတွေကနေ မွေးထုတ်ပေးလိုက်ပြီး မိမိရဲ့ကိုယ်ပိုင်ဝင်ငွေရရှိအောင် စွမ်းဆောင်ပေးတာဖြစ်ကြောင်း ဒေသရဲ့လိုအပ်ချက်၊ ဒေသမှာလိုအပ်တဲ့ ဥစ္စာတွေအခုက ဒီကျေးရွာမှာ မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပေးဖို့ပြောတဲ့အတွက် သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်တွင် သင်တန်းသူ(၂၀)ဦးတို့ကို စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ(၄၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
တွံတေးသား