သိန္နီ မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း မန္တလေး-လားရှိုး-မူဆယ်လမ်း မိုင်တိုင်အမှတ်(၁၉၀/၇၊ ၂၀၉/၅)နှင့် သိန္နီ-ကွမ်းလုံ- ချင်းရွှေဟော်လမ်း မိုင်တိုင်(၀/၀-၃၄/၀)အား Oriental Highways Co., Ltd မှ BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
လက်ရှိအခြေအနေတွင် လမ်းညွှန်းများ တပ်ဆင်ပြီးစီးခြင်း၊ မိုင်ဖာလုံတိုင်များတပ်ဆင်ခြင်း၊ လမ်းနယ်တိုင်များစိုက်ထူခြင်းနှင့် လမ်းဘေးရေမြောင်းများကို ရှင်းလင်းခြင်း၊ လိုအပ်သည့်နေရာများတွင် အမာခံလမ်းပုခုံးနှင့် လမ်းတာဘောင်များချဲ့ခြင်း၊ boxculvert ကျဉ်းသောနေရာများတွင် Object Marker တပ်ဆင်ခြင်း၊ တောင်ဆင်းတောင်တက်ကွေ့နေရာများတွင် ကတ္တရာပုံးခွံများဖြင့် Guard Post တိုင်များစိုက်ထူခြင်း၊ ရေကျော် Guard တုံးများအား ဆေးသုတ်ခြင်း၊ တံတားများ ဆေးသုတ်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း၊ လမ်းအသုံးပြုသူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်ချက်များအားလည်း လစဉ်စစ်ဆေး၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း ၄၈ ပေ နိုင်လွန်ကတ္တရာလမ်းတိုးချဲ့ရန် ကျန်ရှိသည့်အပိုင်းများအားလည်း သက်ဆိုင်ရာဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ Oriental Highways Co., Ltd မှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)