ချောင်းဆုံ မေ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်၏(ဂျီဒီပီ)တိုးတက်မှုနှုန်းများကို ပြည့်မီကျော်လွန်အောင် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးကျော်မြင့်သန်းက ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လယ်ယာကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်၊ စက်မှုကဏ္ဍကြီး စီမံကိန်းရည်မှန်းချက် ဝန်ဆောင်မှုကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)