ကျိုက်ထို မေ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ကြေညာထားသော ဆိုင်ကလုန်းမုန်တိုင်းနှင့်ပက်သက်၍ ဒေသခံပြည်သူလူထုများ သတိပြုရှောင်ရှားကြစေရန် ရည်ရွယ်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ လူစည်ကားနေရာဖြစ်သည့် လမ်းဆုံများနှင့် စျေးများအတွင်း၌ မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၉)နာရီက ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ် ပေါ်နေစဥ်လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်၌ လိုက်နာရမည့်အချက်များပါရှိပြီး ဒေသခံပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာ ဆောင်ရွက်ကြစေရန် အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်