ပြင်ဦးလွင်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ စုဆောင်းထားရှိမှု ကြည့်ရှုစစ်ဆေး

ပြင်ဦးလွင်မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးပစ္စည်း များ စုဆောင်းထားရှိမှု ခင်းကျင်းပြသမှုအား ယနေ့ မွန်းလွဲပိုင်း (၁ )နာရီအချိန်က မြို့တော်ခန်းမ၌  တာဝန်ရှိသူများက  လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိသည် ။ 

ရှေးဦးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်  ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုလုပ်ငန်း စဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး  သက်ဆိုင်ရာ ဌာနတာဝန်ခံများမှ မိမိတို့ဌာနများအလိုက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်  ကူညီကယ်ဆယ်ရေး ပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများကို  ရှင်းလင်းပြောကြားခဲ့သည် ။

ဆက်လက်ပြီး ပြင်ဉီးလွင်တပ်နယ်မှူးနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သဘာ ဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု ခင်းကျင်းပြသမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို  မှာကြားခဲ့ကြောင်း သိရသည် ။

ခရိုင် ( ပြန်/ဆက်)