ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိမှုစစ်​ဆေး

ဒဂုံ      မေ       ၁၀

ရန်ကုန်တိုင်းဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ပြည်အ​ရှေ့ရပ်ကွက်၊ ပြည်လမ်း ပြည်သူ့ရင်ပြင်တွင် သဘာဝ​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးအတွက် လူ၊ ပစ္စည်း၊ ယာဥ်နှင့်စက်ယန္တရားများကို ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီက အသင့်ပြင်ဆင်​ဆောင်ရွက်ထားရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ‌ ပြင်ဆင်ဆောင်ရွက်ရာသို့ ယ​နေ့နံနက် ၇ နာရီက ရန်ကုန်တိုင်း​ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်​ဇော်ဟိန်း၊ တိုင်း​ဒေသကြီးဝန်ကြီးများတာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် မကျရောက်မီကြိုတင်ပြင်ဆင်ထားရမည့်အရာများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်သင့်သည့်အချက်များအား ပြောကြားခဲ့ပြီး လှည့်လည်ကြည့်ရှုစစ်​ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်​ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်