ဂွမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာ စိုက်ထူ

ဂွ မေ  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် မီးပွိုင့်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ ကြသည်။  

ဂွမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဟူသည့်ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ မြေစိုက်ပိုစတာများ စိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

ရွှေရည်ဝင်းကျော်