ကမာရွတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်​ကျောင်းအပ်နှံ​ရေး​နေ့လှုပ်ရှားမှု​မြေစိုက်ပိုစတာများစိုက်ထူဆောင်ရွက်

ကမာရွတ် မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယ​နေ့နံနက်နေ့ (၀၈း၃၀)အချိန်က ကမာရွတ်ခရိုင်ပညာ​ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများပူးပေါင်း၍ ကမာရွတ်မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမာရွတ်မြို့နယ်အတွင်းရှိ ​အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေးနိုင်​ရေးစိုက်ဘုတ်ပိုစတာများကို စိုက်ထူလှုပ်ရှားမှုများကို ပေါင်းစပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ​ကျောင်းအပ်နှံ​ရေးလှုပ်ရှားမှုပိုစတာများကို မြို့နယ်အတွင်းရှိအ​ခြေခံပညာ​ကျောင်းများအားလုံး၌ ​ဆောင်ရွက်ခြင်းဖြစ်ပြီး ကမာရွတ်မြို့နယ်တွင် အထက်တန်း​ကျောင်း(၆)ကျောင်း၊ အလယ်တန်း​ကျောင်း(၁)​ကျောင်း၊ မူလတန်း​ကျောင်း(၁၁)​ကျောင်းတို့တွင် စိုက်ထူ​ပေးခဲ့​ကြောင်းသိရှိရပါသည်။

စိမ်းလဲ့(ပြန်/ဆက်)