သထုံ မေ ၁၀
မွန်ပြည်နယ်၊ သထုံခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ချိုက အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ သတင်းနှင့်ပညာပေးရေး၊ အရေးပေါ်ဆက်သွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပျက်စီးမှုပမာဏ သတင်းရရှိရေးနှင့် အရေးပေါ်ထောက်ပံ့ရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေး၊ ပို့ဆောင်ရေးနှင့် လမ်းကြောင်းရှင်းလင်းထူထောင်ရေး၊ အရေးပေါ်အမိုးအကာထူထောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး၊ လုံခြုံရေးစသည်တို့အား လုပ်ငန်းအဖွဲ့အလိုက် တင်ပြဆွေးနွေးကြရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်