ဒဂုံမြောက် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ သခင်ဗဟိန်းလမ်း၊ ကျက်သရေဆောင်ဓမ္မာရုံရှေ့၌ ပတ်ဝန်းကျင်တွက်နေထိုင်သော ပြည်သူများအား မုန်တိုင်းသတိပေးခြင်းအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ၊ ဦးတင်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်နားခိုရာ နေရာများသို့ရွှေ့ပြောင်းရန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်သတင်းများကို စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်ထားကြရန်စသည့် ဆောင်ရန်ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြားပြီး မုန်တိုင်းကျရောက်ပါက ဆောင်ရွက်ရမည်လုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ