သံတွဲ မေ ၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြုံချောင် ကျေးရွာ၊ လမ်းပြကြယ်စာကြည့်တိုက်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ သံတွဲခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာကြည့်တိုက်တာဝန်ခံများနှင့် ရပ်ရွာနေလူငယ်များဖြင့် စာကြည့်တိုက်များ ဆက်လက်ရှင်သန်ခိုင်မာစေရန်၊ လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် လုပ်နိုင်ကိုင်နိုင်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိသည့် လူငယ်များ ပါဝင်ဖွဲ့စည်းပြီး ၄င်းတို့ ဦးဆောင်မှုဖြင့် ရပ်ကွက်အလိုက် စာဖတ်သူများပြားလာစေရန်နှင့် လူငယ်များ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်၊ ရပ်ရွာနေ လူငယ်များနှင့်ပူးပေါင်းပြီး စာဖတ်ဝိုင်းများဆောင်ရွက်သွားရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့သည်။
ထို့နောက် ရွေလျားမော်တော်ယာဉ်ဖြင့် မြုံချောင်ကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ဇလွန်ကျေးရွာများသို့ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နေမျိုးအောင်( ပြန်/ဆက်)